မင်္ဂလာပါ ပျိုမေတို့ရေ… ကလေးငယ်လေးတွေကို မွေးဖွားတဲ့အခါမှာ မိခင်မွေးလိုက်ကတည်းက ဆံပင်သန်တဲ့ကလေးငယ်လေးတွေလည်းရှိသလို ဆံပင်မသန်တဲ့ကလေးတွေလည်းရှိကြပါတယ်။ ကလေးငယ်အရွယ်နည်းနည်းရောက်လာတဲ့အခါမှာတော့ ကတုံးတုံးပေးတာမျိုးတွေကိုလုပ်ပြီး ဆံပင်သန်လာအောင် ကြိုးစားကြပါတော့တယ်။ ဆံနွယ်လေးတွေသန်စွမ်းတာမျိုးကို ပိုင်ဆိုင်နိုင်ဖို့အတွက် အိမ်တွင်းနည်းလမ်းကောင်းတစ်ချို့လည်း ရှိပါသေးတယ်။

ဆံပင်တွေကို သေချာဂရုစိုက်မှုလုပ်ပေးပါ

ကလေးငယ်လေးတွေက သူတို့ဆံပင်တွေကို ကိုယ်တိုင်ဂရုစိုက်တာမျိုးတွေ မလုပ်နိုင်သေးတာကြောင့် လူကြီးတွေကလိုက်ပြီးတော့ လုပ်ပေးနေဖို့ လိုပါတယ်။ ကလေးငယ်လေးတွေကို တစ်ပတ်ကို ၂ ခါလောက်ပုံမှန်ခေါင်းလေ ျှာ်ပေးတာမျိုး၊ အရေအသွေးကောင်းတဲ့ Baby Shampoo တွေကို ရွေးချယ်ပြီးတော့အသုံးပြုပေးသင့်ပါတယ်။ ခေါင်းလေ ျှာ်ပေးတဲ့အခါမှာလည်း အအေးမိမှာစိုးပြီး ရေပူပူတွေနဲ့ခေါင်းလေ ျှာ်ပေးတာမျိုးတွေကို ရှောင်ပါ။ ရေစိုနေတဲ့အချိန်တွေမှာ ဆံပင်တွေကိုဖီးတာမျိုးတွေကိုလည်း ဆင်ခြင်ပေးသင့်ပါတယ်။

အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးပါ

ကလေးငယ်လေးတွေ ဆံပင်မသန်နေဘူးဆိုရင် လုပ်ပေးလို့ရတဲ့နည်းလမ်းကောင်းတစ်ခုကတော့ အုန်းဆီကိုနည်းနည်းလောက်အပူပေးပြီး ဦးရေပြားပေါ်မှာလိမ်းပေးပြီး ဖြည်းဖြည်းချင်းနှိပ်နယ်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်းက တကယ်ကိုကောင်းမွန်ပြီး ဦးရေပြားအတွင်းထဲထိ ကျန်းမာစေတာကြောင့် ဆံသားတွေကိုလည်း ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်ပင်ရဲ့ အတွင်းထဲမှာရှိနေတဲ့ လက်ဆတ်တဲ့ဂျယ်အနှစ်တွေကို ဇွန်းနဲ့ခြစ်ချပြီး အရည်ဖြစ်သွားအောင်ချေပေးလိုက်ပါ။ ရလာတဲ့ ရှားစောင်းလက်ပတ်အရည်ကို ကလေးငယ်ရဲ့ဦးရေပြားပေါ်မှာ လိမ်းပေးပြီး ရေနွေးနွေးလေးနဲ့ ပြန်ပြီးတော့ဆေးချပေးရမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကို ကလေးငယ်လေးတွေမှာ သေချာလုပ်ပေးမယ်ဆိုရင် ဆံသားမကောင်းလို့ ရုပ်ဆိုးတာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့။ ငယ်တုန်းအချိန်မှာထဲက ဆံသားတွေကောင်းမွန်အောင် ထိန်းသိမ်းပေးမှ ကြီးလာရင်မခက်ခဲတော့မှာပဲဖြစ်ပါတယ်။

Photo Source: Pinterest