ချောင်းဆိုးတဲ့အခါမှာ လည်ပင်းမှာ ကပ်ညိနေတဲ့ ချွဲသလိပ်တွေကြောင့် တခါတခါ ပင်ပန်းရတတ်ပါတယ်။ ထိုချွဲသလိပ်တွေရှိနေခြင်းက ဖုန်အညစ်အကြေးတွေ၊ ပိုးမွှားတွေ၊ ဘတ်တီးရီးယားတွေကို စွဲကပ်နေစေနိုင်လို့ ပိုပြီးတော့ မသက်မသာခံစားရစေပါတယ်။

ဒီလိုပြဿနာတွေဖြစ်လာပြီရင် ကိုယ့်ရဲ့တနေ့တာကို စိတ်ဖိစီးမှုတွေဖြစ်လာစေပြီး အနှောင့်အယှက်တွေ ဝင်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး စိတ်ရှုပ်စရာ ပြဿနာတွေကို ပျောက်ကင်းသက်သာစေဖို့ နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။

ရေနွေးငွေ့ရှူရှိုက်ပါ

ပန်းကန်လုံးအကြီးတစ်ခုထဲကို အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးပူထည့်ထားပါ။ တဘတ်တစ်ခကို ခေါင်းပေါ်မှာ လွှာထားပြီး ပန်းကန်လုံးထဲက ရေနွေးငွေ့ကို ၁၀ မိနစ်လောက် ရှူရှိုက်ပါ။ တနေ့လျှင် အကြိမ်ကြိမ် နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် သက်သာလာစေမှာပါ။

ဆားရေပလုပ်ကျင်းခြင်း

ရေနွေးနွေးလေးရှိသည့် ရေတစ်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ပုံ၁ပုံ ထည့်ပေး၍ သေချာမွှေကာ စက္ကန့်အနည်းငယ်မျှ ပလုပ်ကျင်းပေးပါ။ ထွေးထုတ်လိုက်၊ ပြန်လုပ်လိုက် အကြိမ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် လည်ပင်းယားယံတာကို ဖြေသိမ့်ပေးမှာပါ။

ဂျင်း

ဂျင်းမှာပါဝင်တဲ့ အစွမ်းသတ္တိတွေက ကူးစက်မှုတွေကို သက်သာစေပြီး လည်ချောင်းကို ရှင်းစေပါတယ်။

ဂျင်းကိုပါးပါးလေးတွေလှီးပြီး တည်ထားတဲ့ ရေပူပူတစ်ခွက်ထဲကို ထည့်ပြီး မိနစ်အနည်းငယ်လောက် နှပ်ထားပေးပါ။ ရေကို စစ်ထုတ်လိုက်ပြီး ပျားရည်အနည်းငယ်ထည့်ကာ တနေ့ကို မကြာမကြာ သောက်သုံးပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ သက်သာလာမှာပါ။

သံပုယိုရည်

ဗီတာမင်စီနဲ့ Anti-bacterial ဓာတ်တို့ ကြွယ်ဝတဲ့ သံပုယိုရည်ကလည်း လည်ပင်းကချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရေပူတစ်ခွက်ထဲထည့်မွှေကာ တနေ့လျှင် သုံးကြိမ် အနည်းဆုံးသောက်သုံးပေးပါ။

နနွင်း

နနွင်းတွင်လည်း ဘတ်တီးရီးယားများ သို့မဟုတ် ပိုးမွှားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပေါင်းစပ်ပါဝင်လို့ အလွန်အကျိုးရှိလှပါတယ်။

နွားနို့ပူပူလေးတစ်ခွက်ထဲကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သေချာမွှေကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်မှန်သောက်သုံးပေးပါ။၏