ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ လက်တွေဟာလည်း နေ့စဉ်နေ့တိုင်း အရာရာကို ကိုင်တွယ်အသုံးပြုနေရတာပါ။ ဒါပေမယ့်လည်း ထိုလက်များကို သေချာဂရုတစိုက်ရှိဖို့ကို မေ့လျော့နေတတ်ကြပါတယ်။

လက်တွေဘာလို့ကွဲရတာလဲ

လက်တွေ ခြောက်သွေ့၊ အက်ကွဲရခြင်းရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရင်းလေးတွေကတော့

  • ဆောင်းရာသီ
  • လေထုခြောက်သွေ့ခြင်း
  • အခိုးငွေ့တွေနှင့် ရေအကြာကြီးချိုးခြင်း
  • အလွန်ပြင်းသည့် ဓာတုပစ္စည်းတွေပါသော ဆပ်ပြာများအသုံးပြုခြင်း
  • လက်မကြာဏဆေးခြင်း
  • ရေဓာတ်ကုန်ခမ်းခြင်း
  • အသက်အရွယ်ရလာခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်စွာ မစားသောက်ခြင်း

ဒီလိုအခြေအနေတွေကြောင့် လက်တွေအက်ကွဲလာရခြင်းကို ပြန်လည်စိုပြေနူးညံ့လာစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးမှာဖြစ်လို့ အခုပဲလုပ်ကြည့်လိုက်ပါနော်။

၁။ သံလွင်ဆီ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖက်တီးအက်စစ်တွေနဲ့ Antioxidants တွေက ခြောက်သွေ့ယားယံတဲ့ အသားအရေကို သက်သာစေနိုင်ပါတယ်။

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အနည်းငယ်နွှေးလိုက်ပြီး လက်နှစ်ဖက်လုံးပေါ်မှာ သုတ်လိမ်း၍ မိနစ်အနည်းငယ်ကြာ ညှင်သာစွာသုတ်လိမ်းပေးပါ။ တညထားအိပ်ပြီးရင် ရေနှင့်ဆေးကြောသန့်စင်ပေးပါ။ ခြောက်သွေ့တာပျောက်သွားသည်အထိ တနေ့လျှင် သုံးကြိမ် မှန်မှန်လုပ်ပေးပါ။

၂။ နို့

လက်တစ်အက်စစ်ပါဝင်လို့ အသားအရေရဲ့ နဂိုမူလအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။

နှင်းဆီရည် နှင့် သံပုယိုရည် နှစ်စက်၊ သုံးစက်ကို နို့ လက်ဖက်ရည်ဇွန်း ၄ ဇွန်းထဲထည့်ပေးပါ။ သေချာမွှေပေးပြီး လက်တွေကိုသုတ်လိမ်းကာ ညှင်သာစွာပွတ်ပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ရေအေးနဲ့သန့်စင်ပစ်ပါ။ အရှင်းသက်သာသွားသည်အထိ တနေ့လျှင် နှစ်ကြိမ် ပုံမှန်လုပ်ဆောင်ပါ။

၃။ သင်္ဘောသီးနှင့် ဒိန်ချဉ်

ဒိန်ချဉ်ရှိ လက်တစ်အက်စစ်က ဘတ်တီးရီးယားများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သင်္ဘောသီးတွင်ပါဝင်သည့် Papain ကအသားအရေကို ကြည်လင်စေပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းကို တပတ်လျှင် ၃ ကြိမ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဖိခြေထားသော သဘောၤသီး လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို ဒိန်ချဉ်ခွက် ၁ ဝက်ခန့်နှင့် ရော၍သမအောင် မွှေပေးပါ။ သံပုယိုရည် ၁ စက်နှင့် ပျားရည်ကိုလည်း ရောထည့်မွှေပါ။ လက်ပေါ်မှာနှံ့အောင် လိမ်းပြီးရင် ၁၅ မိနစ်ခန့်ထားပေးပါ။ အချိန်ပြည့်သွားသည့်အခါ ရေအေးနှင့် ဆေးချပြီး အသားအရေကို ညှင်သာစွာ ခြောက်အောင်သုတ်ပေးပါ။

၄။ ထောပတ်သီး

ထောပတ်သီးတွင် ဗီတာမင်၊ ဖက်တီးအက်စစ်၊ Antioxidants တွေပါဝင်လို့ အသားအရေကို အတွင်းပိုင်းမှနေပြီး သက်သာစေ၍ ချောမွေ့နူးညံ့တဲ့ အသားအရေကို ရရှိစေပါတယ်။

ထောပတ်သီးတစ်ခြမ်းကို ဖိခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းနှင့် ရောမွှေပါ။ လက်များပေါ်သုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာ ညှင်သာစွာနှိပ်နယ်ပါ။ ၁၅ မိနစ်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးကြောသန့်စင်နိုင်ပါပြီ။ တပတ်လျှင် အနည်းဆုံး နှစ်ကြိမ် လုပ်ပေးဖို့ လိုပါတယ်။