ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အရမ်းကိုအကျိုးရှိစေမယ်လို့ထင်ပါတယ်။ ခွေးလေးတွေကိုချစ်ပေမယ့် သူတို့ရဲ့သန့်ရှင်းမှုအားနည်းတာကြောင့် ကြုံတွေ့ရတတ်တဲ့ ခံတွင်းနံ့ဆိုးရွားတာတွေကြောင့် သင့်ခွေးလေးသင့်ကိုနမ်းမှာတောင်ကြောက်နေရပြီလား။ တကယ်တော့ ခွေးလေးမွေးထားပြီဆိုတာနဲ့ သူတို့အတွက် အစစအရာရာလိုက်ပြီးတော့ ဂရုစိုက်ပေးနေနိုင်မှအဆင်ပြေမှာပါ။ ဒီတော့ ခံတွင်းနံ့ဆိုးနေတဲ့ ခွေးလေးတွေအတွက် အိမ်တွင်းနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန်ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ

ခွေးလေးတွေကများသောအားဖြင့်တော့ သူတို့ပါးစပ်ကိုထိတာမကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း စိတ်ရှည်ရှည်နဲ့လုပ်ပေးရမှာပဲလေ။ သွားတိုက်တံပျော့ပျော့နဲ့ ခွေးလေးရဲ့သွားတွေကို ပွတ်တိုက်သန့်ရှင်းပေးတာမျိုးလုပ်မယ်ဆိုရင် ခံတွင်းနံ့ဆိုးတွေကိုလည်း သက်သာစေပြီး သွားတွေကိုလည်းကျန်းမာစေပါတယ်။

မုန်လာဥနီ နေ့တိုင်းကျွေးပေးပါ

ခွေးလေးတွေက တကျွတ်ကျွတ်နဲ့ဝါးနေရတာကို ကြိုက်တဲ့အတွက် မုန်လာဥနီကိုကျွေးဖို့အဆင်ပြေစေမှာပါ။ မုန်လာဥနီက ခံတွင်းနံ့ဆိုးတာတွေကို အလွယ်တကူချေဖျက်ပေးနိုင်တာကြောင့် ခွေးလေးတွေအစားစားပြီးသွားတဲ့အချိန်တွေမှာ ကျွေးလို့ရပါတယ်။ ဒီတိုင်းအစိမ်းစားရတာကို မကြိုက်ဖူးဆိုရင်တော့ ရေနွေးလေးနဲ့မိနစ်အနည်းငယ်လောက် ပြုတ်ပြီးကျွေးလို့လည်းရပါတယ်။

ရေများများတိုက်ပေးပါ

ခွေးလေးတွေကို ရေများများသောက်တတ်တဲ့အကျင့်ဖြစ်အောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။ ခွေးလေးတွေမှာလည်း လူတွေလိုပဲ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်တာကြောင့် ရေများများတိုက်ပေးပါ။ ရေများများသောက်ပေးမှလည်း ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ကင်းစင်စေပြီး ခံတွင်းအနံ့ဆိုးဖြစ်တာတွေကို လျော့နည်းလာစေမှာပေါ့။

Photo Source: Pinterest