ကင်ဆာရောဂါဆိုတာ တကယ်ကိုကြောက်စရာကောင်းပြီး သေဆုံးဖို့အခွင့်အရေးများနေတဲ့ ရောဂါမျိုးပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ကင်ဆာရောဂါနဲ့သေဆုံးနေတဲ့ လူဦးရေကတစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့များပြားလာတာကြောင့် ဆင်ခြင်နိုင်တဲ့ အလေ့အကျင့်မျိုးလေးတွေ ရှိနေမှ သင့်ကျန်းမာရေးအတွက် စိတ်ချရမှာပဲဖြစ်ပါတယ်။

စီးကရက်

စီးကရက်ထဲမှာ ဓာတုဗေဒပစ္စည်းတွေများစွာပါဝင်နေတာကြောင့် ကင်ဆာရောဂါကိုနည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်လာနိုင်အောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်နော်။ စီးကရက်ကိုမသောက်ပဲ ချက်ချင်းဖြတ်ပစ်ဖို့ အဆင်မပြေသေးဘူးဆိုရင်လည်း စီးကရက်အစားထိုးပြီး သောက်လို့ရတဲ့ Vape တွေနဲ့ ခဏအစားထိုးပြီး ဖြည်းဖြည်းချင်းဖြတ်ဖို့ ကြိုးစားကြည့်လိုက်ပါ။

အလွန်အကျွံအရက်သောက်ခြင်း

အရက်သောက်တယ်ဆိုတာက ကောင်းတဲ့အရာမဟုတ်ဘူးဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့ခေတ်ကြောင့် အရက်သောက်တဲ့လူဦးရေက ပိုပိုပြီးတော့ များလာပါတယ်နော်။ မသောက်နဲ့လိုလည်း ပြောလို့မရတာကြောင့် အများကြီးသောက်တာမျိုးမဖြစ်အောင် ထိန်းဖို့လိုပါတယ်။ ပုံမှန်ကတော့ တစ်နေ့ကိုယောက်ျားလေးတွေအတွက် အရက် ၂ ခွက်၊ မိန်းကလေးတွေအတွက် ၁ ခွက်နှုန်းလောက်ဆိုရင် ဆိုးကျိုးမရှိပဲ သွေးလှည့်ပတ်မှုစနစ်ကို တောင် ကောင်းမွန်စေပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်တတ်ဖို့

နေပူထဲကိုသွားလာနေတာက အသားမည်းသွားတဲ့ ဆိုးကျိုးကိုပဲရရှိစေတာမဟုတ်ဘူးနော်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေကိုပျက်စီးပြီး အချိန်ကြာလာတဲ့အခါမှာတော့ အရေပြားကင်ဆာအဆင့်ထိရောက်သွားနိုင်တာကြောင့် sunscream ကိုလည်းဆောင်ထားပြီး ပုံမှန်လေး လိမ်းပေးနေဖို့လည်း လိုပါသေးတယ်နော်။

နောက်ဆုံးပြောချင်တာကတော့ ဆေးစစ်တတ်တဲ့အလေ့အကျင့်မျိုးကို လုပ်တတ်ဖို့ပါပဲ။ ကင်ဆာရောဂါဆိုတာ ရောက်လို့ရောက်မှန်းမသိနိုင်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် အသိမနောက်ကျခင်မှာထဲက ကြိုသိနေဖို့အတွက် ပုံမှန်မဟုတ်တဲ့အချက်မျိုးကို သတိထားမိနေပြီဆိုရင်တော့ ဆေးခန်းကိုပဲ သွားပြီး ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်နော်။

Photo Source: Unsplash