နှလုံးရောဂါအမျိုးအစား အများကြီးရှိပါတယ်။ မေးတဲ့သူမှာ ဖြစ်တဲ့ ASD ရောဂါဆိုတာ မွေးရာပါရောဂါတခုပါ။ အစားအသောက် အနေအထိုင်ကြောင့်ဖြစ်ခဲ့ရတာမဟုတ်ပါ။ အသက်ကို ရုတ်တရက် အန္တရာယ်ပေးနိုင်တဲ့ နှလုံးသွေးကြော ကျဉ်းရောဂါကတော့ (ကိုလက်စထော)၊ ကိုယ်အလေးချိန် နဲ့ အသက်တွေနဲ့ဆိုင်လို့ ဆင်ခြင်နေဘို့ အထူး လိုအပ်တာမျိုး ဖြစ်တယ်။ ပန်းသီးစားရင် ဆရာဝန်နဲ့ဝေးဝေးနေရနိုင်တယ်ဆိုတဲ့ (မိုတို) တခုဟာ ဒီရောဂါမျိုးနဲ့ဆိုင်တယ်။

နှလုံးရောဂါအမျိုးအစားများ

  1. Cardiac dysrhythmias နှလုံးခုန်မမှန်ရောဂါ၊
  2. Cardiomyopathy နှလုံးကြွက်သားရောဂါ၊
  3. Cor pulmonale နှလုံးဘညာဘက်ခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း၊
  4. Coronary heart disease (ischaemic heart disease) နှလုံးသွေးကြောကျဉ်းရောဂါ၊
  5. Heart failure နှလုံးအလုပ်မလုပ်နိုင်တော့တဲ့ရောဂါ၊
  6. Hypertensive heart disease သွေးတိုး-နှလုံးရောဂါ၊
  7. Inflammatory heart disease နှလုံးရောင်ရောဂါများ၊ (Endocarditis နှလုံးအတွင်းပိုင်းရောင်ခြင်း၊ Inflammatory cardiomegaly နှလုံးရောင်ခြင်း၊ Myocarditis နှလုံးကြွက်သားရောင်ခြင်း၊)
  8. Peripheral arterial disease အဖျားအနားသွေးကြောရောဂါ။
  9. Stroke and cerebrovascular disease ဦးနှောက်သွေးကြောရောဂါ၊
  10. Valvular heart disease နှလုံးအဆို့ရှင်ရောဂါများ၊

မွေးရာပါနှလုံးရောဂါလို့ နုတ်ကျိုးနေပေမဲ့ ဆေးစာမှာတော့ မွေးရာပါနှလုံးချို့ယွင်းချက်လို့ ခေါ်တယ်။ Congenital Heart Defect (CHD) ထဲမှာ ၅ မျိုးရှိတယ်။

(၁) Cyanotic defects သွေးမဝတဲ့ချို့ယွင်းချက်၊

(၂) Defects အင်္ဂါပိုင်းချို့ယွင်းချက်၊

(၃) Hypoplasia ဖွံ့ဖြိုးမှုချို့ယွင်းချက်၊

(၄) Obstruction defects ဆို့ပိတ်ချို့ယွင်းချက်၊

(၅) Septal defects အကန့်ချို့ယွင်းချက်၊

Defects အင်္ဂါပိုင်းချို့ယွင်းချက်များ၊

  • Atrial septal defect (ASD) (မေးတဲ့သူများဖြစ်ခဲ့တဲ့ရောဂါ)
  • Aortic stenosis (AS)
  • Atrioventricular septal defect (AVSD)
  • Bicuspid aortic valve
  • Coarctation of the aorta (CoA)
  • Dextrocardia
  • Dextro-Transposition of the great arteries (d-TGA)
  • Double inlet left ventricle (DILV)
  • Double outlet right ventricle (DORV)
  • Ebstein’s anomaly
  • Hypoplastic left heart syndrome (HLHS)
  • Hypoplastic right heart syndrome (HRHS)
  • Interrupted aortic arch (IAA)
  • Levo-Transposition of the great arteries (l-TGA)
  • Mitral stenosis
  • Partial anomalous pulmonary venous connection (PAPVC)
  • Patent ductus arteriosus (PDA)
  • Pentalogy of Cantrell
  • Persistent truncus arteriosus
  • Pulmonary atresia
  • Pulmonary stenosis
  • Scimitar syndrome (SS)
  • Shone’s syndrome/ Shone’s complex / Shone’s anomaly
  • Some constellations of multiple defects are commonly found together.
  • tetralogy of Fallot (ToF)
  • Total anomalous pulmonary venous connection (TAPVC)
  • Transposition of the great vessels
  • Tricuspid atresia
  • Ventricular septal defect (VSD)

နောင်မှာ မဆိုကောင်းစကား မေးစရာများရှိရင် အသက်၊ ဖြစ်တာဘယ်လောက်ကြာ၊ ဘာခံစားနေရတယ် စတာတွေပါ ထည့်ရေးပါ။ ASD ဆိုရင် ကလေး၊ လူကြီးခွဲပြောရတယ်။

  • Medical Follow-up ဆက်လက်ပြသ-ကုသစရာလိုတယ်။ ခွဲစိတ်ပြီးနောက် တချို့ကို လနဲ့ချီပြီး သွေးမတိတ်ဆေးပေးရတယ်။ ၆ လထက်တော့မပိုပါ။ စစ်ဆေးတာလဲလုပ်ရနိုင်တယ်။ ဥပမာ electrocardiograms, Holter monitors, exercise stress tests and echocardiograms တွေဖြစ်တယ်။ cardiac catheterization ကိုတော့ လုပ်ရတာရှားတယ်။
  • Activity Restrictions ကိုယ်လက်လှုတ်ရှားမှုကန့်သတ်ခြင်းကို လူတိုင်းအတွက်မလုပ်စေပါ။ တချို့ကို အချိန်ကန့်သတ်ပြီး သက်တောင့်သက်သာနေစေတယ်။ ဒိနောက်တော့ သူများလိုနေနိုင်လုပ်နိုင်ပြီ။

  • Pregnancy အခြေအနေတွေပုံမှန်ဖြစ်တာနဲ့ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ခွဲစိတ်ပြုပြင်မထားသူဆိုရင်တော့ နှလုံးကို ထိခိုက်နိုင်တယ်။