(၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်) နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။

(၂) Ventricular Fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက်ကုမှုပေးဘို့ ပြင်ဆင်ပါ။

(၃) MI နှလုံး သွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-Segment Elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေထပ်လုပ်ရမယ်။ Cardiac Enzymes နှလုံးအင်ဇိုင်းမ်တွေ များနေမယ်။

  • Blocked Coronary Artery နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂ နည်းရှိတယ်။ (က) Thrombolytic Therapy နဲ့ (ခ) Angioplasty with Stenting တွေဖြစ်တယ်။
  • Thrombolytic Therapy မှာ ဆေးပေးမယ်။ Activase (t-PA), Streptokinase, Urokinase, or Anistreplase ဆေးတွေက သွေးခဲနေတာကို ပျော်သွားစေမယ်။ ၅ဝ% နီးပါးအောင်မြင်တယ်။ ဆေးကို စောစောပေးနိုင်လေ ကောင်းလေ ဖြစ်တယ်။ ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ သွေးယိုမယ်။
  • Rapid Angioplasty နဲ့ Stenting (စတန့်) ထည့်တာကို ပိုလုပ်လာတယ်။ ၈ဝ% အောင်မြင်တယ်။ အထူးဆေးရုံမှာသာ လုပ်လို့ရတယ်။
  • ဘယ်နည်းရွေးရွေး ပိတ်နေတာကိုပွင့်သွားဘို့ဖြစ်တယ်။

တခြားလုပ်စရာတွေလဲရှိသေးတယ်။

၁။ Aspirin အက်စပရင်ဆေးသောက်ရမယ်။ ဆေးကနေ သွေးမှုံလေးတွေရဲ့ စေးကပ်မှုကိုနည်းစေမယ်။

(၂) Heparin (ဟက်ပါရင်) ဒါမှမဟုတ် တခြား Blood thinner သွေးကျဲဆေး သွေးကြောထဲထိုးပေးခြင်းကို ပဌမ ၂၄ နာရီအတွင်း လုပ်ပေးတယ်။ Anticoagulant drugs သွေးမခဲဆေးခေါ်တယ်။

(၃) Beta blockers (ဘီတာ ဘလော့ကား) ဆေးက Adrenaline ကိုသက်ရောက်လို့ အထောက်အကူပေးတယ်။ ဒါပေမဲ့ Lung disease အဆုပ်ရောဂါ၊ Severe heart failure နှလုံးဆိုးဆိုးဝါးဝါး အလုပ်မလုပ်နိုင်တော့တာနဲ့ Heart rate နှလုံးခုန်နှေးရောဂါရှိနေသူတွေကိုတော့ မပေးရဘူး။ ပေးရင် (အတက်ခ်) ရပြီးနောက်နေ့ကနေစပေးမယ်။

(၄) ACE Inhibitors ဆေးကို ၂၄ နာရီအတွင်းပေးတယ်။

(၅) Statins (စတာတင်) ဆေးကို ဆေးရုံမဆင်းခင်မှာ စပေးတယ်။ နှလုံးသွားသွေးကြောရောင်တာသက်သာစေမယ်၊ Artery Plaques သွေးခဲပြားကို တည်ငြိမ်စေမယ်။

  • အရေးအပါဆုံးဟာ ၂၄ နာရီဖြစ်ပါတယ်။
  • ဒိနောက်တော့ Cardiac Arrest နှလုံးရပ်သွားမှာကို ကာကွယ်ရမယ်။ နှလုံးကြွက်သားတွေကို ဆက်မပျက်စီးအောင် ကာကွယ်ရမယ်။ နောက်ထပ်သွေးခဲမှာကို ကာကွယ်ရမယ်။
  • တခါကို ကျော်လွှားခဲ့နိုင်ပေမဲ့ လူနေမှုပုံစံပြောင်းပြစ်လိုက်တော့တာနဲ့ ဆေးနဲ့သာနေရမယ်ဆိုတာ လိုက်နာပါ။