ကိုယ်အလေးချိန်လျော့ချခြင်းနဲ့ပတ်သက်လာရင် အမျိုးသမီးများအနေနဲ့ လေ့ကျင့်ခန်းအသည်းအသန်လုပ်ပြီး အသီးအနှံတွေကို အားရပါးရ စားသုံးကြတာကို မြင်ယောင်မိမှာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် မစားသုံးဘဲ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ဘဲနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့ဆိုတာ ခက်ခဲပါတယ်။

ဒါပေမယ့်လည်း ကိုယ်အလေးချိန်လျော့ချဖို့အတွက် Gym သွားစရာမလိုဘဲ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်လိုမျိုးတွေက ကိုယ်စားချင်တဲ့အစားအသောက်ကို လျော့စရာမလို၊ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ဝိတ်ချနိုင်အောင် ကူညီမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ပန်းကန်အနီကိုအသုံးပြုပါ

အနည်းငယ်ထူးဆန်းတယ်လို့ မြင်နိုင်ပေမယ့် ပန်းကန်အနီကို အသုံးပြုပြီး အစားစားသူများဟာ အခြားသူများထက်ပိုပြီးတော့ အစားနည်းကြောင်းကို သက်သေပြထားပါတယ်။ အနီရောင်က ရပ်လိုက်တော့ ဆိုတဲ့ သင်္ကေတကို ပြသနေသလိုဖြစ်တာကြောင့် အစားစားတဲ့အခါမှာလည်း မသိလိုက်ဘဲနဲ့ နည်းနည်းပဲစားမိသွားပါတယ်။

၂။ ကျဉ်းမြောင်းပြီး ရှည်လျားတဲ့ဖန်ခွက်နဲ့ သောက်ပါ

အချိုရည်တွေကို ခွက်အရှည်နဲ့သောက်သုံးခြင်းဟာ ၂၅-၃၀ ရာခိုင်နှုန်း ပိုနည်းကာ သောက်သုံးမိပါတယ်။ ဒီလိုအခြေအနေကို အမေရိကန်သိပ္ဗံပညာရှင် Brian Wansink ပြောပြထားတာကတော့ ဦးနှောက်ကိုလှည့်စားလိုက်တဲ့ ထင်ယောင်ထင်မှားတစ်ခုပါပဲ။

၃။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာများကို မျက်စိရှေ့မှာမထားပါနဲ့

ကိုယ့်ရဲ့မျက်စိရှေ့မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေကို ထားရှိမယ်ဆိုပါက ဆာလောင်မှုကိုတိုးမြှင့်စေကာ သင့်ကိုပိုပြီးတော့ စားသုံးမိစေပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ အစားအစာများကိုသာ မျက်စိအမြင်မှာ ထားထားပါ။

၄။ ပရိုတင်းများများစားပါ

ပရိုတင်းကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းက ဆာလောင်မှုကိုပိုပြီးတော့ ပျောက်ကွယ်စေနိုင်ပါတယ်။ တနေ့တာ စားသောက်မှုထဲမှာ ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းထည့်သွင်းခြင်းဟာ ကယ်လိုရီ ၄၄၀ လောက်အထိကို နည်းပါးသွားစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ၁၀ ပေါင်လောက်အထိ လျော့ကျသွားစေပါတယ်။

ပရိုတင်းအများဆုံးပါဝင်တဲ့ အစားအစာများကတော့ အသား (ကြက်သားနှင့် အနီရောင်အသားများ)၊ ငါး၊ ဥများ၊ ချိစ်နှင့် ပဲများပဲဖြစ်ပါတယ်။

၅။ ဗိုက်ဆာတဲ့အခါ ပူရှိန်းပီကေဝါးပါ

အတန်ငယ်ဗိုက်ဆာလာတဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာတွေကို စားမိနိုင်တာကြောင့် သကြားမပါဝင်တဲ့ ပူရှိန်းပီကေလေးတွေကို ဝါးပေးပါ။ ပူရှိန်းဓာတ်က အရသာအာရုံကိုပြောင်းလဲစေနိုင်ပြီး တစ်ခုခုစားချင်စိတ်ကိုလည်း ချက်ချင်းပျောက်ကင်းစေနိုင်ပါတယ်။

၆။ အအေးသောက်တဲ့အခါ ရေခဲထည့်ပါ

ကိုယ်စားနေတဲ့အစားအသောက်တွေအားလုံးဟာ ခန္ဓာကိုယ်အပူချိန်က အပူပေးလိုက်ပါတယ်။ ဒီလိုဖြစ်စဉ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကအပူချိန်လိုအပ်သလောက် ကယ်လိုရီတွေကို ပိုပိုပြီးလောင်ကျွမ်းစေပါတယ်။ ဖျော်ရည်တွေသောက်တဲ့အခါ ရေခဲထည့်သောက်ပြီး ပိုက်ကိုအသုံးပြုပါ။

၇။ ပိုပြီးအိပ်ပါ

တစ်ညလျှင် ခြောက်နာရီအိပ်ချိန်ထက် လျော့နည်းစွာ အိပ်စက်သူများဟာ ကယ်လိုရီပိုများတဲ့ အစားအစာတွေကို မကြာခဏစားသုံးလေ့ရှိပြီး အိပ်ရေးဝသူများထက် ကိုယ်အလေးချိန်တက်လွယ်ပါတယ်။ ဒါကြောင့် တစ်ညလျှင် ၇ နာရီ သို့မဟုတ် ၈ နာရီအထိ အိပ်စက်မိအောင် ကြိုးစားပါ။

၈။ ဆိုဒ်ပိုသေးတဲ့ အဝတ်အစားတွေရွေးဝယ်ပါ

ကိုယ်ဝတ်နေကျဆိုဒ်ထက် အတန်ငယ်သေးတဲ့ အဝတ်အစားများကို ဝယ်ယူပြီးတော့ ကိုယ်မြင်နိုင်တဲ့ မျက်စိရှေ့မှာ ချိတ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။

Credit: BrightSide