လူအများစုက လေ့ကျင့်ခန်းလုပ်နေစဉ် သို့မဟုတ် လုပ်ပြီးနောက်မှာ ရေသောက်ခြင်းက မကောင်းဘူးလို့ တွေးတတ်ကြပါတယ်။ သို့သော်လည်း သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်အဆင့်အားကစားသမားများရဲ့ အကြံပေးချက်အရ ခန္ဓာကိုယ်မှ လိုအပ်တဲ့ အစိုဓာတ်ကို ပိတ်ပင်ဖို့မသင့်ပါဘူး။

ဒါကြောင့် MyHealth Myanmar မှနေပြီး ရေမသောက်သုံးသည့်အခါ ဖြစ်ပေါ်လာနိုင်သောလက္ခဏာရပ်များနှင့် ထိုအရာများကို လျစ်လျူရှုသည့်အခါ ခန္ဓာကိုယ်မှာ ဘယ်လိုမျိုးတွေဖြစ်လာနိုင်သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အသားအရေလျော့တွဲလာခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက အသားအရေကိုပြန်လည်နုပျိုလာစေအောင် လုပ်ဆောင်နိုင်တဲ့ သက်ရောက်မှုရှိပါတယ်။ အသားအရေ၏ သွေးစီးဆင်းမှုဟာ အောက်ဆီဂျင်နှင့် ပေါင်းစပ်သည့်အခါ တိုးတက်မြင့်မားလာကာ Collagen ထုတ်လုပ်မှုလည်း တိုးတက်လာ၍ အရေးအကြောင်းများလည်း သေးငယ်သွားပါတယ်။ ဒါကြောင့် သွေးပုံမှန်လည်ပတ်ဖို့အတွက် မှန်ကန်သင့်တော်သည့် အရည်ပမာဏကို ခန္ဓာကိုယ်မှ လိုအပ်ပါတယ်။

အဆီမဟုတ်ဘဲ ရေဓာတ်ကုန်ဆုံးသွားခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ် ရေမသောက်သုံးပါက ဝိတ်ကျမြန်လိမ့်မယ်လို့ တွေ့တတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ချက်ချင်းတိုင်းသည့်အခါ သက်ရောက်မှုကိုမြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကုန်ဆုံးသွားတာက အဆီတွေမဟုတ်ဘဲ ရေဓာတ်တွေဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းအဆိပ်များကျန်နေခြင်း

ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေစဉ် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ သို့သော်လည်း ခန္ဓာကိုယ်ကို ရေဓာတ်လုံလုံလောက်လောက်နှင့် မဖြည့်တင်းပါက ချွေးကောင်းကောင်းထွက်မည်မဟုတ်သလို အဆိပ်အတောက်တော်တော်များများက ခန္ဓာကိုယ်အတွင်း ကျန်ရှိနေအုံးမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေ လျော့နည်းသွားခြင်း

ရေဓာတ်ကုန်ဆုံးခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ သက်ရောက်မှုအပေါ် မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေဓာတ် ၅ ရာခိုင်နှုန်းကုန်ဆုံးသွားလျှင် လေ့ကျင့်ခန်းရဲ့သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ ထိုအခါ အဆီတွေကိုလောင်ကျွမ်းနိုင်စွမ်း သို့မဟုတ် ကြွက်သားတည်ဆောက်နိုင်စွမ်းရှိမည်မဟုတ်တော့ပေ။

ကြွက်သားတွေနာကျင်လာခြင်း

လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားနာကျင်မှုဖြစ်ပေါ်နိုင်ပေမယ့်လည်း ရေလုံလုံလောက်လောက်မသောက်သုံးပါက ထိုနာကျင်မှုဟာ ရက်ပေါင်းများစွာကြာအောင် ခံစားရနိုင်ပါတယ်။

နှလုံးတွင် ဖိအားများလာခြင်း

အရည်လုံလုံလောက်လောက်ကို မသုံးစွဲဘူးဆိုလျှင် သွေးများဟာ တဖြည်းဖြည်းပျစ်လာပြီး သွေးကြောများလည်းတင်းလာကာ ရေဓာတ်လုံလောက်သည့်ပမာဏကို မသိမ်းထားနိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ နှလုံးအလုပ်လုပ်မှုမြင့်တက်လာပြီး ဖိအားလည်းမြင့်တက်လာပါတယ်။

ဖောရောင်မှုတွေဖြစ်ပေါ်လာခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ် ရေလုံလုံလောက်လောက်မသောက်သုံးဘူးဆိုလျှင် ဖောရောင်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဖောရောင်မှုတွေ၊ မျက်လုံးအောက်မှာ မျက်ကွင်းညိုတဲ့အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အာရုံစူးစိုက်မှုလျော့နည်းလာပြီး ပင်ပန်းနွမ်းနယ်လာခြင်း

အရည်ဓာတ်ကို ၁-၂ ရာခိုင်နှုန်းလျော့နည်းသွားလျှင်ပင် အာရုံစူးစိုက်နိုင်အား လျော့နည်းသွားကာ မောပန်းနွမ်းနယ်မှုတွေမြင့်တက်လာနိုင်ပါတယ်။ မကြာခဏဖြစ်ပေါ်လာနိုင်ကာ စိတ်အပြောင်းအလဲတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

အစားပိုစားလာခြင်း

တခါတလေမှာ ရေဆာလောင်မှုကို ဗိုက်ဆာမှုနဲ့ မှားယွင်းတတ်ကြပါတယ်။ သည့်အတွက် လေ့ကျင့်ခန်းလုပ်နေစဉ် ရေမသောက်သုံးဘဲ ထို့နောက်မှာ ဗိုက်ဆာသလိုခံစားရပါက ခန္ဓာကိုယ်မှ ရေလိုအပ်နေပါပြီ။ ဦးစွာအနေနဲ့ ရေတစ်ခွက်သောက်ပြီးနောက် ဗိုက်ဆာနေသေးတယ်ဆိုရင်တော့ သရေစာတစ်ခုခုစားလိုက်ပါ။

Source: BrightSide