ခံတွင်းကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမယ့် တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ရုံ ပီကေဝါးရုံနဲ့ သင့်ခံတွင်းကျန်းမာရေးအတွက် လုံလောက်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ သင့်ရဲ့ တစ်နေ့တာလုံး သင်လုပ်တဲ့ အပြုအမူ အလေ့အထတွေက သိပ်ကိုအရေးကြီးပါတယ်။

ခံတွင်းနံ့ ဆိုးတာကို ရှောင်ရှားနိုင်ဖို့ ဆောင်ရန်ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။

၉။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

အစာစားပြီးတဲ့အခါတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ဒါမှ သင့်ခံတွင်းက စားကြွင်းစားကျန်တွေကို ထိုက်သင့်သလောက် ဖယ်ရှားသန့်စင်ပေးနိုင်ဖို့ သင့်ခံတွင်းကျန်းမာရေးအတွက် မလုပ်မဖြစ် လုပ်သင့်ပါတယ်။

၈ ။ ရေများများသောက်ပါ

ရေများများသောက်ပါ။ ရေများများသောက်တာဟာ သင့်ခံတွင်းနံ့ ဆိုးတာကို သက်သာစေပါတယ်။

၇။ ကော်ဖီများများမသောက်ပါနဲ့

ကော်ဖီများများသောက်တာ ခဏခဏသောက်တာဟာ သင့်ခံတွင်းနံ့ ကို ဆိုးစေရုံသာမက သင့်သွားကိုလည်း ညစ်ညမ်းစေပါတယ်။ ခံတွင်းကိုခြောက်သွေ့စေလို့ ခံတွင်းနံ့ ဆိုးစေပါတယ်။

၆။ သင့်သွားကို သန့်ရှင်းရေးလုပ်ပါ

သင့်သွားကို သန့်ရှင်းရေးလုပ်ပါ။ ဂရုစိုက်ပါ။ သင့်သွားကိုတိုက်တဲ့အခါမှာ အနည်းဆုံး ၂ မိနစ်အချိန်ယူ တိုက်ပေးသင့်ပါတယ်။ ညအိပ်ယာမဝင်ခင် သွားတိုက်တဲ့အကျင့်လုပ်ထားပါ။

၅။ အစာစားပြီးတိုင်း သွားကြားထဲကို သန့်ရှင်းရေးလုပ်ဖို့မမေ့ပါနဲ့

အစာစားပြီးတိုင်း သင့်သွားကြားလေးတွေထဲကို အပ်ချည်ကြိုးနဲ့ သန့်ရှင်းရေးလုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ခဏခဏ မလုပ်သင့်သလို သွားကြားထိုးတံနဲ့လည်း ခဏခဏ မထိုးသင့်ပါဘူး။

၄။ သွားတိုက်တံကို ၃ လ (၁) ခါပြောင်းပါ

သင့်ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ၃ လကို တစ်ခါလောက် သွားတိုက်တံကို ပြောင်းပေးပါ။

၃။ လျှာကိုလည်း ဂရုစိုက်ပါ

သင့်ရဲ့ လျှာကိုလည်း တိုက်ပေးဖို့ မမေ့ပါနဲ့။ သင့်သွားကို တိုက်ပေးသလို လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၂။ အရက်မပါတဲ့ ခံတွင်းသန့်စင်ရည်သုံးပါ

အရက်မပါတဲ့ ခံတွင်းသန့်စင်ရည်ကို ရွေးချယ်သုံးပေးသင့်ပါတယ်။

၁။ သကြားကိုရှောင်ပါ

သကြားဟာသင့်ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်စေရုံသာမက သင့်ခံတွင်းနံ့ကိုလည်း ဆိုးစေပါတယ်။