အပြေးအားကစားပြုလုပ်တယ်ဆိုတာဟာ သင့်ကိုကျန်းမာစေရုံသာမက ရောဂါပိုးတွေရဲ့ရန်မှပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တနေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ ကူညီပေးနိုင်ပြီး သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနှင့်မိသားစုများအကြား ငယ်ရွယ်နုပျိုသည့်အသွင်ကို ဖြစ်ပေါ်စေပါတယ်။

၁။ ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးခြင်း

သုတေသီတို့ရဲ့ ဖော်ပြချက်အရ နေ့စဉ်မှန်မှန်အပြေးလေ့ကျင့်ပေးတဲ့လူတွေဟာ ပုံမှန်လူတွေထက် ပိုပြီးကျန်းမာပါတယ်။ ဒါ့အပြင် အချိန်ကြာသည် အထိ ကိုယ်ခန္ဓာကိုကျစ်လျစ်မှုရှိစေပြီး အခြားသူများထက် ပိုမိုကျန်းမာသန်စွမ်းသည့်ဘဝကို ရရှိစေပါတယ်။

၂။ နှလုံးအတွက်ကောင်းမွန်ခြင်း

နေ့စဉ်အပြေးလေ့ကျင့်တဲ့အခါ သွေးလည်ပတ်မှုအားကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို ကောင်းမွန်စေပါတယ်။ သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို လျော့ကျစေလို့ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အဆုတ်ကိုကျန်းမာစေခြင်း

နှလုံးမှသွေးပန်းထုတ်မှုနှုန်းကို မြင့်တက်စေလို့ အဆုတ်အလုပ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကျပ်နှင့် အခြားအသက်ရှုခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တားဆီးပေးပါ။

၄။ ပိုမိုငယ်ရွယ်နုပျိုစေခြင်း

ငယ်ရွယ်နုပျိုတဲ့အသွင်ကိုရရှိဖို့ ယခင်အသုံးပြုခဲ့သမျှ Anti-Aging အလှကုန်ပစ္စည်းတွေအကုန်လုံးကို တာ့တာလုပ်လိုက်နိုင်ပါပြီ။ အပြေးလေ့ကျင့်ပေးတာဟာ အိုမင်းရင့်ရော်တဲ့ဖြစ်စဉ်ကို နှေးကွေးစေလို့ ရှိရင်းအသက်ထက် ပိုမိုနုပျိုစေပါတယ်။

၅။ စိတ်ဖိစီးမှုကင်းဝေးခြင်း

အပြေးလေ့ကျင့်ခြင်းက တိကျတဲ့ Hormone Endorphin တွေကို ထုတ်လွှတ်ပေးပြီး စိတ်ခံစားမှုကိုပြောင်းလဲစေလို့ စိတ်ကျခြင်း၊ စိတ်ဖိစီးမှုခံစားရခြင်းတို့မှ ကင်းဝေးစေမှာဖြစ်ပါတယ်။

၆။ အစာခြေဖျက်အားကောင်းစေခြင်း

နေ့စဉ်ပြေးပေးတာဟာ အစာခြေဖျက်အားကိုကောင်းစေပြီး ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးကာ ကိုယ်ခန္ဓာကို ကျန်းကျန်းမာမာရှိစေပါတယ်။

၇။ အရိုးသန်မာစေခြင်း

အရိုးတွေရဲ့ သိပ်သည်းမှုကို တိုးမြှင့်ပေးရုံသာမက အရိုးပွခြင်း၊ အဆစ်ရောင်နာတို့လို ရောဂါတွေမှာလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒူးနှင့်ခြေချင်းဝတ်တို့လို အဆစ်အမြစ်နေရာတွေမှာ နာကျင်မှုဖြစ်ပေါ်တာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၈။ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

နေ့စဉ်နေ့တိုင်း ပုံမှန်ပြေးတဲ့လူတွေဟာ အခြားသူများထက် ညဖက်အချိန်တွေမှာ တရေးနိုးခြင်းမရှိဘဲ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြပါတယ်။

၉။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

အကယ်၍ သင်ဟာ ကိုယ်ခန္ဓာကျစ်လျစ်လှပပြီး ကျန်းကျန်းမာမာလည်းရှိချင်ရင်တော့ အပြေးလေ့ကျင့်ပေးတာက အကောင်းဆုံးပါပဲ။ များများပြေးလေ ကယ်လိုရီတွေလောင်ကျွမ်းလေဖြစ်လို့ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။