ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ သွားနာကျင်ကိုက်ခဲမှုကို ခံစားရတတ်ပါတယ်။ စစ်တမ်းကောက်ယူချက်တွေအရတော့ လူရွယ်ပိုင်း ၉ ၀ ရာခိုင်နှုန်းကျော်ကျော်ဟာ သွားကိုက်တာကို ခံစားရတတ်ကြပါတယ်။

ဒါကြောင့် သွားကိုက်တဲ့အခါတွေမှာ သွားဆရာဝန်ဆီကို တကူးတက သွားရောက်ပြသနေစရာမလိုဘဲ အိမ်မှာသာ သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်သည်များ၊ ကလေးနို့တိုက်မိခင်များ၊ သို့မဟုတ် အခြားကျန်းမာရေးမကောင်းတဲ့သူများအတွက်တော့ ဒီနည်းလမ်းလေးတွေကို မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ဆားရေငုံခြင်း

ဆားရေဟာ သဘာဝပိုးသတ်ဆေးတစ်ခုအနေနဲ့ လုပ်ဆောင်ပေးနိုင်တာကြောင့် သွားကိုက်တဲ့အခါ မြန်မြန်ဆန်ဆန်သက်သာဖို့အတွက် အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

ကြက်သီးနွေးထရုံမ ျှရေတစ်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံကို ရောမွှေကာ ပါးလုတ်ကျင်းပေးပါ။

ရောင်ကိုင်းခြင်းကို သက်သာစေကာ သွားကိုက်နေတဲ့ နေရာတစ်ဝိုက်ကို သန့်ရှင်းပေးမှာဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

သွားကိုက်ခြင်းကြောင့် နာကျင်ခံစားနေရတဲ့ ဒဏ်ကို သက်သာစေနိုင်မှာပါ။ သွားပိုးစားတာကို လျော့နည်းစေရုံသာမက သွေးယိုထွက်နေတဲ့ သွားဖုံးတွေကိုပါ ကုသပေးမှာဖြစ်ပါတယ်။ ဆားရေကဲ့သို့ပင် ပလုတ်ကျင်းပေးနိုင်ပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၃ ရာခိုင်နှုန်းကို ရေနဲ့အချိုးတူရောစပ်ကာ ပလုတ်ကျင်းပေးပါ။ လုံးဝမျိုမချမိအောင် သတိထားပါ။

လေးညှင်းပွင့် သို့မဟုတ် လေးညှင်းအဆီ

သွားကိုက်တာကို သက်သာစေနိုင်တဲ့ သဘာဝပစ္စည်းတွေထဲမှာ လေးညှင်းပွင့်ကလည်း တစ်ခုအပါအဝင်ပါပဲ။

လေးညှင်းပွင့်အမှုန့် အနည်းငယ်ကို သွားပေါ်မှာသိပ်ပေးခြင်း သို့မဟုတ် လေးညှင်းပွင့်တစ်ခုလုံးကို ဝါးပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

ရေခဲကပ်ခြင်း

ရေခဲကပ်ပေးတယ်ဆိုတာဟာ မည်သည့်နာကျင်ဝေဒနာမှုမဆိုကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတစ်မျိုးဖြစ်ပါတယ်။ ရေခဲအဝတ် သို့မဟုတ် ပလတ်စတစ်အိတ်ထဲမှာ ရေခဲထည့်ပြီး အဝတ်ပါးပါးကပ်ကာ သွားကိုက်နေတဲ့နေရာပေါ်မှာ ၁၅ မိနစ်ကြာအောင် ကပ်ထားပေးပါ။

နာကျင်ဝေဒနာများနဲ့ ဖောရောင်ခြင်းများကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်သတ္တိတွေကြောင့် လူသိများပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ပါ။

ကြက်သွန်ဖြူကို ညက်ညက်ကြေအောင် ထုထောင်းကာ သွားကိုက်နေတဲ့နေရာပေါ်မှာ သိပ်ထားပေးနိုင်သလို ဖြည်းဖြည်းချင်းလည်း ဝါးစားပေးနိုင်ပါတယ်။

မာလကာရွက်

မာလကာရွက်ကို ကိုက်နေတဲ့သွားအပေါ် အရည်ထွက်လာပြီး စိမ့်ဝင်သွားအောင် တစ်ရွက်၊ နှစ်ရွက်လောက်ဝါးပေးပါ။ နောက်တစ်နည်းအနေနဲ့လည်း ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မာလကာရွက်အနည်းငယ်ထည့်ပြုတ်ကာ အရည်ကိုအအေးခံပြီး ဆားနည်းနည်းထည့်ကာ ပါးလုတ်ကျင်းပါ။

ကြက်သွန်နီ

ကြက်သွန်နီမှာလည်းပဲ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက်ကြောင့် နာကျင်ဝေဒနာကို သက်သာစေပါတယ်။

ကြက်သွန်နီကို အစိတ်အသေးလေးတွေလှီးပြီး သွားကိုက်နေတဲ့နေရာပေါ်မှာ ဝါးစားပေးပါ။ အကယ်၍ နာကျင်ဝေဒနာက တအားပြင်းလွန်းလို့ မဝါးနိုင်ဘူးဆိုရင်တော့ ကြက်သွန်နီအစိတ်လေးကိုလက်နဲ့ယူပြီး သွားပေါ်မှာတင်ထားပေးပါ။