စိတ်အားငယ်ခြင်းဟာ လူအများစုလုံးဝသတိမထားမိတဲ့ စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်ခြင်းပါပဲ။ ယနေ့ခေတ်လူအများစုဟာ ထိုစိတ်ဓာတ်ကျခြင်းမှ ခံစားနေရပြီး တကယ်ခံစားဖူးသူများသာလျှင် ထိုဝေဒနာရဲ့အခက်အခဲကို သိနားလည်မှာဖြစ်ပါတယ်။

ထိုကဲ့သို့ စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ကြုံတွေ့ရတာဟာ အင်မတန်မှ ကြမ်းတမ်းခက်ခဲလှပြီး လူငယ်အများစုပိုပြီး ကြုံတွေ့ကြရပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ခံယူချက်သဘောထားတွေကို အခြားသူတွေသိအောင် ပြောဆိုဆက်ဆံတဲ့အခါမှာ ရင်ဆိုင်လာရတဲ့ အခက်အခဲတွေကြောင့်ပဲဖြစ်ပါတယ်။

၁။ အိပ်ရေးဝအောင်ကြိုးစားပါ

Source: ACMH

ခန္ဓာကိုယ်အတွင်းက အချို့သော ဟော်မုန်းများလျော့နည်းလာသည့်အခါ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်လာရပါတယ်။ စိတ်ဖိစီးသည့်အခါ၊ လုံလောက်သော အနားယူမှုမရရှိသည့်အခါ ဟော်မုန်းချို့တဲ့မှုတွေဖြစ်ပေါ်လာပြီး အမျိုးသားများအနေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

အိပ်ရေးဝဝအိပ်ပြီး သေချာအနားယူသည့်အခါ ဟော်မုန်းထုတ်လုပ်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်တာကြောင့် ထိုပြဿနာတွေမှ ကင်းရှင်းစေမှာပါ။

၂။ နေ့စဉ်နေရောင်ခြည်ခံယူပါ

Source: The Generics Pharmacy

မနက်ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်အတူ နေရောင်ခြည်ခံယူခြင်းက သင့်ရဲ့တွေးခေါ်ခြင်း၊ ခံစားခြင်းနှင့် အာရုံခံမှုတွေအပေါ်မှာ ကောင်းမွန်သောအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် မနက်တိုင်းမှာ နေရောင်ခြည်ကို ရယူပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာသာမဟုတ်ဘဲ ကိုယ်ပိုင်းဆိုင်ရာအခြေအနေတွေအတွက်ပါ တိုးတက်မှုတွေ ဖြစ်ပေါ်စေမှာပါ။

၃။ နေ့ခင်းနေ့လည်မှာ လှုပ်လှုပ်ရှားရှားနေပါ

Source: UltraCare PRO

ယေဘုယျအားဖြင့် ပျော်ပွဲရွှင်ပွဲတွေမှာ မကြာခဏ ပါဝင်လေ့ရှိသော လူငယ်များက ပိုပြီးတော့ ပျော်ရွှင်ကြပါတယ်။ ဒါကြောင့် နေ့ခင်းအချိန်တွေမှာ တက်တက်ကြွကြွ လှုပ်ရှားသွားလာခြင်းက စိတ်ဓာတ်ကျခြင်း၊ မကောင်းတဲ့အတွေးတွေကနေ ကျော်လွှားစေအောင် ကူညီပေးနိုင်ပါတယ်။

၄။ မြူးကြွပျော်ရွှင်စရာကောင်းသော တေးသီချင်းများနားဆင်ပါ

Source: Normans Musical Instruments

ကိုယ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကို နားထောင်ခြင်း၊ ဂိမ်းကစားခြင်းက သင့်ရဲ့စိတ်ခံစားချက်အပေါ်မှာ အများကြီးသက်ရောက်နိုင်ပါတယ်။ မြူးကြွတဲ့တေးသီချင်းတွေက စိတ်ဓာတ်ကျနေချိန်မှာ အသင့်တော်ဆုံးဖြစ်တာကြောင့် နားဆင်ပေးနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို မကောင်းမြင်စိတ်ကို ရပ်တန့်ပါ

Source: akross.info

စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းတွေကို တိုက်ဖျက်ချင်တယ်ဆိုလျှင်တော့ ကိုယ့်အပေါ်ကို မကောင်းမြင်စိတ်နဲ့ ပြောဆိုခြင်းက ဘယ်လိုမှ အကူအညီမဖြစ်နိုင်ဘူးဆိုတာကို သိထားလိုက်ပါ။ ပြောင်းပြန်အနေနဲ့ အကောင်းဖက်က တွေးနိုင်အောင် လေ့ကျင့်ကြိုးစားပါ။

၆။ အားကစားပုံမှန်လုပ်ပါ

Source: Nile International

စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်နေရတဲ့ လူငယ်များအနေနဲ့ တက်ကြွစွာ လှုပ်ရှားသွားလာဖို့ အခက်အခဲရှိနိုင်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သက်သာရာရစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ပါပဲ။

နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းက မကောင်းတဲ့အတွေးတွေကို တိုက်ထုတ်ပစ်ရန်ကူညီပေးသလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Credit: WINGMAN