ယောဂကျင့်ဖို့အချိန်မပေးနိုင်တဲ့သူတွေဆိုရင် အလုပ်လုပ်နေရင်းနဲ့ ယောဂကျင့်ပေးလို့ရပါတယ်။ အလုပ်လုပ်ရင်းနဲ့ကျင့်နိုင်မယ့် ယောဂကျင့်စဉ် (၇) မျိုးရှိပါတယ်။ အလုပ်လုပ်နေတဲ့သူတွေနဲ့ ရုံးတက်နေရတဲ့သူတွေအတွက် ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ကိုဆန့်တန်းပြီး ခါးကိုမတ်ထားကာ ထိုင်ခုံမှာ ထိုင်လိုက်ထလိုက်လုပ်ပေးပါ။ ဖြည်းဖြည်းချင်းစီ ထိုင်လိုက်ထလိုက်လုပ်ရမှာပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ ပေးပါ။

ထိုင်ခုံမှာထိုင်နေရင်းနဲ့ ပုံမှာပြထားတဲ့အတိုင်း လက်ကိုဆန့်ထုတ်ပါ။ အပျင်းကြောဆန့်သလိုပေါ့။ အသက်ကိုရှူသွင်း၊ ရှူထုတ်လုပ်ပြီး ဆန့်ထုတ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံမှာထိုင်ပြီး လက်ကိုအရှေ့ကိုဆန့်ထုတ်ကာ ပုံထဲကအတိုင်းလုပ်ပေးပါ။ လက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရပါမယ်။ ၁၀ စက္ကန့်လောက်တော့ လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံမှာထိုင်ပြီး လက်ကို ခေါင်းပေါ်မှာစုပြီး ခန္ဓာကိုယ်ကို ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ၁၅ စက္ကန့်လောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းထိုင်ပြီး ခြေထောက်ကိုတင်ထားပါ။ ဒီယောဂကျင့်စဉ်မှာလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရပါမယ်။

မတ်တပ်ရပ်ပြီး ပုံမှာပြထားတဲ့အနေအထားအတိုင်း နေပါ။ ဒါကိုလည်း ဘယ်ညာတစ်လှည့်စီလုပ်ပေးပါ။

စားပွဲမှာ လက်တင်ပြီး ပုံမှာပြထားတဲ့အတိုင်းနေပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ကြာကြာလေးလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

အခုပြောပြသွားတဲ့ယောဂကျင့်စဉ်တွေက အညောင်းအညာပြေစေပြီး စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။

Photo Source: www.womensok.com