လူတစ်ယောက်ရဲ့ကျန်းမာရေးဟာ သူတစ်နေ့တာသောက်သုံးနေတဲ့ ရေပမာဏအပေါ်လည်းမူတည်နေပါတယ်။ အိပ်ယာထပြီးတာနဲ့ ရေနှစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အထူးကောင်းမွန်စေတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ဒီအတိုင်းဆို လူကြီးတွေမကြာခဏပြောလေ့ရှိတဲ့ မနက်စောစော ရေနွေးသောက်ပေးခြင်းရဲ့ကောင်းကျိုးတွေက ဘာတွေများဖြစ်မလဲနော်။ ဆက်ဖတ်ကြည့်လိုက်ပါဦး။

၁။အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးပါတယ်။

ဘယ်သူကမှ အသက်အရွယ်ငယ်ငယ်နဲ့ ရုပ်ရင့်တာမျိုးကို လိုလားကြမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကြောင့် ရှိရင်းစွဲအသက်ထက် ပိုပြီး ရုပ်ရင့်လာစေပါတယ်။ ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် မျက်နှာပြင်လေးကို တင်းရင်းဝင်းပစေခြင်းဖြင့်နုပျိုစေပါတယ်။

woman-drinks-water

၂။နာကျင်ကိုက်ခဲမှုတွေကိုပြေပျောက်စေပါတယ်။

အမျိုးသမီးတွေ ရာသီလာတဲ့အခါ ဗိုက်နာတစ်ဝိုက်နာကျင်မှုကိုခံစားကြရပါတယ်။ အိပ်ယာထထချင်း ရေနွေးသောက်ပေးလိုက်တဲ့အခါ အဲ့ဒီ့နာကျင်မှုတွေကို တော်တော်ကြီးသက်သာစေပါတယ်။ ဒီ့အပြင် အခြားသော ကြွက်သားပိုင်းဆိုင်ရာနာကျင်မှုတွေအတွက်လည်းသက်သာစေပါတယ်။

၃။ဝိတ်ကျစေတယ်။

မနက်စောစောရေနွေးတစ်ခွက် ပုံမှန်သောက်ပေးရင် ဝိတ်ကျစေတယ်ဆိုတာ မှန်တဲ့အချက်ဖြစ်ပါတယ်။ ရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကိုတိုးမြှင့်လာစေတာကြောင့် ဇီဝကမ္မဖြစ်နှုန်းကိုလည်းမြင့်တက်လာစေပါတယ်။ ဇီဝဖြစ်နှုန်းမြင့်တက်လာခြင်းဖြင့် ခန္ဓာကိုယ်တွင်းအဆီတွေကိုလောင်ကျွမ်းစေပါတယ်။

Woman with fat abdomen area isolated on white

၄။အစာချေစနစ်ကိုကောင်းစေတယ်။

မနက်စောစောရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်တွင်းအစာချေစနစ်ကိုကောင်းမွန်စေပြီး အစာတွေချေဖျက်ရာမှာလွယ်ကူစေပါတယ်။ အစာစားပြီးတိုင်းရေနွေးသောက်ပေးခြင်းကတော့ သူနဲ့ပြောင်းပြန်ပါ။ အစာထဲက အဆီတွေကို ခဲစေတာကြောင့် အစာချေဖျက်ရာမှာ ခက်ခဲစေပါတယ်။ ဒါကြောင့် ရေအေးအစား ရေနွေးလေးသောက်ပေးပါ။

Magen-Darm-Trakt 2

၅။သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကိုဖယ်ရှားပေးပါတယ်။ဒါကြောင့်မို့လည်း သွေးလည်ပတ်နှုန်းကိုအားကောင်းစေပါတယ်။ အဲ့ဒီ့အပြင် ကြွက်သားတွေကိုပြေလျော့စေကာ သွေးစီးဆင်းမှုကို ထောက်ပံ့ပေးပါတယ်။

၆။ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

ဝမ်းချုပ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလို့ပါ။ အိပ်ယာထထချင်း ဘာအစာမှမစားသေးပဲ ရေနွေးသောက်ပေးလိုက်တဲ့အခါမှာတော့ အူမကြီးရဲ့လှုပ်ရှားမှုကို တိုးတက်စေတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၇။အိပ်ပျော်စေတယ်။

အစာစားပြီးတိုင်း၊ အထူးသဖြင့်ညစာစားပြီးတိုင်း၊ အိပ်ယာမဝင်ခင်တိုင်းမှာ ရေနွေးသောက်ပေးလိုက်မယ်ဆိုရင်အညောင်းအညာပြေစေပြီး အာရုံကြောတွေကိုလည်းပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ နောက်တစ်နေ့နိုးတဲ့အခါမှာလည်းလန်းဆန်းစေပါတယ်။

sleep-well-look-good