ကိုယ်ဝန်ဆောင်မိခင်များက မိမိကိုယ်တိုင်အတွက်ရော ဗိုက်ထဲက ကလေးလေးအတွက်ပါ နှစ်ဆပိုမိုစားသုံးပေးသင့်ပြီး ကျန်းမာရေးကိုလည်း ပိုဂရုစိုက်သင့်ပါတယ်။ ဒါမှ ကလေးရော မိခင်ပါ ကျန်းမာနေမှာပါ။

ဒါဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ အခု ဖော်ပြပေးမဲ့ အခြေခံအချက် ၆ ချက်ကို လိုက်နာပေးဖို့လိုမယ်နော်။

၁။ မနက်စာ မမေ့ပါနဲ့

Photo Source: wwww.thebump.com

အရင်တုန်းကတော့ အချိန်မရလို့ မနက်စာ မစားဖြစ်ချိန်အချိန်တွေ ရှိမှာပေါ့နော်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတော့ မနက်စာကို မဖြစ်မနေ စားသုံးသင့်ပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားပါ

Photo Source: www.insajderi.com

မုန်လာဥနီ၊ ငှက်ပျောသီး၊ ဖရဲသီး စတဲ့ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။ ပဲတောင့်ရှည်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံများကိုလည်း စားသုံးပေးပါ။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်သော သရေစာ စားသုံးပါ

Photo Source: www.shop.com.mm

သရေစာ စားသုံးရာမှာလည်း လေနဲ့ဖောင်းပွထားတဲ့ သရေစာမုန့်ထုပ်များကိုရှောင်ကြဉ်ပြီး သဘာဝအစားအစာများကို စားသုံးပါ။ ဥပမာ- အဆီမပါတဲ့ ဒိနန်ချဉ်ကို သစ်သီးနဲ့တွဲစားသုံးခြင်းမျိုး ပြုလုပ်နိုင်ပါတယ်။

၄။ ဗီတာမင်၊ သံဓာတ်နဲ့ ဖောလစ်အက်စစ်များကို နေ့စဉ်မှီဝဲပါ

Photo Source: www.clinicaladvisor.com

သံဓာတ်က ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေကို ကောင်းမွန်စွာ လှည့်ပတ်စီးဆင်းနိုင်ဖို့ ကူညီပေးပြီး ဖောလစ်အက်စစ်ကတော့ ကလေးမီးဖွားရာမှာ ကူညီပေးပါလိမ့်မယ်။

၅။ မကျက်တကျက်အသား၊ ငါးများစားသုံးခြင်းကို ရှောင်ကြဉ်ပါ

Photo Source: www.bundoo.com

အသား၊ ငါးများကို မကျက်တကျက်ချက်စားတဲ့အခါ အသားထဲက ဘက်တီးရီးယားပိုတွေက ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ဆူရှီတို့ ငါးအသားလွှာတို့ကို အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။

၆။ အရက်သေစာရှောင်ကြဉ်ပါ၊ ကာဖိန်းဓာတ် သောက်သုံးမှု လျော့ချပါ

Photo Source: addictionunscripted.com

ကော်ဖီတို့ လက်ဖက်ရေတို့သောက်ချင်တယ်ဆိုရင် ကာဖိန်းဓာတ်မပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်များကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ အရက်ရှောင်ကြဉ်ဖို့ကတော့ မဖြစ်မနေကို ပြုလုပ်သင့်တာပါ။