Gym ကိုသွားတဲ့အခါမှာ ပုံမှန်အားဖြင့် အာရုံထားတတ်တာက ဗိုက်သား၊ တင်နဲ့ ခြေထောက်တွေပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် လက်မောင်းတွေကို လုံးဝမေ့နေတတ်ကြပါတယ်။ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနည်းတူ လက်မောင်းတွေလည်းပဲ ညီညာပြေပြစ်မှုရှိမှ လှနိုင်မှာ ဖြစ်လို့ ထိုလက်မောင်းလေးတွေအတွက် ထရိန်နာမလိုတဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Arm circles

ပခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ခြားပြီး မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ဆန့်တန်းလိုက်ပါ။

နာရီလက်တံအတိုင်း မြန်မြန်လေး လက်နှစ်ဖက်ကို အကြိမ် ၂၀ လှည့်ပေးပြီးနောက် ၁၅ စက္ကန့်အနားယူပေးပါ။

တစ်ခါမှာ ၁၀ ကြိမ်မှ ၁၅ ကြိမ်လုပ်ပေးဖို့လိုအပ်ပါတယ်။

၂။ Scissors

ခြေထောက်နှစ်ဖက်ကို ကျယ်ကျယ်ချဲပြီး မတ်မတ်ရပ်လိုက်ပါ။

လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အရှေ့ကိုယူလိုက်ပါ။ စာလုံး X ပုံစံလို လက်တစ်ဖက်က အခြားတစ်ဖက်ပေါ်မှာ ထပ်ပေးရပါမယ်။ ပြီးရင် ပုံမှန်အနေအထားကို ပြန်နေလိုက်ပါ။

တစ်ခါလုပ်ရင် အကြိမ် ၂၀ လုပ်ပေးရမှာဖြစပြီး ၁၅ စက္ကန့် နားပေးနိုင်ပါတယ်။

၃။ Ball

နံပါတ်တစ်လေ့ကျင့်ခန်းလိုပဲ ပခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ခြားပြီး မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပါ။

ဘောလုံးကိုပုတ်နေသလိုမျိုး လက်နှစ်ဖက်ကို နာရီလက်တံအတိုင်း လှည့်ပေးပါ။

တစ်ခါကို အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပြီး တစ်နေ့လျှင် ၁၀ ခါ လုပ်ပေးရမှာဖြစ်ပါတယ်။

၄။ Push-and-stretch elbow

လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ဆန့်တန်းလိုက်ပြီး တံတောင်ဆစ်တွေကို အတွင်းဖက်သို့ ကွေးလိုက်ပါ။ ပြီးရင် နဂိုပုံစံအတိုင်း ပြန်သွားလိုက်ပါ။

တစ်ခါကို အကြိမ် ၂၀ လုပ်ပေးရန်လိုအပ်ကာ တစ်ခါလုပ်ပြီး ၁၅ စက္ကန့်နားပေးပါ။ တနေ့လျှင် ၁၅ ခါလုပ်ပေးဖို့ လိုအပ်ပါတယ်။

၅။ Upside-down “Namaste” exercise

မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ တံတောင်ဆစ်ကို ခေါင်းအနောက်ဖက် ကွေးလိုက်ပြီး လက်ဖဝါးနှစ်ဖက်ပူးလိုက်ပါ။

လက်ဖဝါးနှစ်ဖက်ကို အောက်နှင့် ခေါင်းအလယ်နားကို မလိုက်ချလိုက်လုပ်ပေးပါ။ တစ်ခါကို အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပြီး ၁၅ ခါ လုပ်ပေးဖို့ လိုအပ်ပါတယ်။

၆။ Push-and-pull exercise

ဒူးကိုအတန်ငယ်ကွေးပြီး ခန္ဓာကိုယ်ကို အရှေ့သို့တိမ်းလိုက်ကာ လက်နှစ်ဖက်ကို ထောင့်ဖြတ်အတိုင်း အပေါ်သို့မြှောက်လိုက်ပါ။

တစုံတခုကို ဆွဲလိုက်တွန်းလိုက်လုပ်သလိုမျိုး လက်နှစ်ဖက်ကို ရွေ့လျားပေးပါ။

တစ်ခါလုပ်ရင် အကြိမ် ၂၀ လုပ်ရမှာဖြစ်ပြီး တစ်နေ့လျှင် ၁၀ ခါလုပ်ပေးပါ။