ဝိတ်ကျစေဖို့အတွက် အစားလည်းသိပ်မရှောင်ချင်ဘူး၊ လေ့ကျင့်ခန်းလည်း မလုပ်ချင်ဘူးဆိုရင်တော့ ပျားရည်ကိုသာ ဆောင်ထားလိုက်ပါ။ ပျားရည်ဟာ ဝိတ်ကျစေဖို့အတွက် များစွာအထောက်အကူပြုတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ဝိတ်ကျစေဖို့ ပျားရည်ကို ဘယ်လိုစားသုံးပေးရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးတစ်လုံးထဲကို ရေနွေးထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပရိုရည် (သို့) သံပုရာရည် – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ထည့်ကာမွှေပေးပါ။ ပြီးရင်တော့ သောက်လို့ရပါတယ်။ တစ်နေ့ နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်တော့ ဝိတ်ကျလာမှာ သေချာပါတယ်။

ဖန်ခွက်တစ်လုံးထဲကို ရေထည့်ပြီး သစ်ကြံပိုးခေါက်အမှုန့်အနည်းငယ်နဲ့ ပျားရည် – စားပွဲတင်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေကာ သောက်ပေးနိုင်ပါတယ်။ ဒါကိုတော့ တစ်နေ့မှာ တစ်ကြိမ်သောက်ပေးရုံနဲ့တင် ဝိတ်ကျစေပါတယ်။

ဖန်ခွက်ထဲကို ရေနွေးထည့်ပြီး ငရုပ်ကောင်းမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံပုရာရည် – စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို ရောမွှေပြီး သောက်ပေးရပါမယ်။ တစ်နေ့တစ်ကြိမ်သောက်ပေးရုံနဲ့တင် ဝိတ်ကျစေပါတယ်။

ဖန်ခွက်ထဲကို ရေ (သို့) Juice တစ်ခုခုထည့်ပြီး ဂျင်းပြုတ်ရည် – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး ရောမွှေကာ သောက်သုံးပေးရပါမယ်။ ဒါကို တစ်နေ့နှစ်ကြိမ် သောက်ပေးမယ်ဆိုရင်တော့ တစ်လအတွင်းမှာ ဝိတ်ကျစေပါတယ်။

ရေနွေးသောက်တဲ့အခါမှာ ရေနွေးထဲကို ပျားရည်ထည့်သောက်ပေးတာကလည်း ဝိတ်ကျစေဖို့အတွက် အထောက်အကူပြုပါတယ်။

အခုပြောပြပေးသွားတဲ့ နည်းလမ်းတွေထဲကမှ ကိုယ်နဲ့အအဆင်ပြေတာတစ်ခုကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Photo Source: www.womensok.com