ဆာဒင်းငါးများ

အိုမီဂါသရီးအဆီမြင့်မားစွာပါဝင်ပြီး နှလုံးရောဂါနှင့် ခန္ဓာကိုယ်နီရဲရောင်ရမ်းမှုတို့ဖြစ်ပွားမှုကို လျော့နည်းစေပါပြီး ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။

အဝါရောင်ငရုပ်ပွသီးများ

ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သည့်အသီးအနှံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အအေးမိဖျားနာမှုဖြစ်ပွားသည့် အချိန်အတိုင်းအတာကို နည်းပါးသွားစေနိုင်ပါတယ်။

မှိုများ

ဗီတာမင်ဘီ၊ Selenium နှင့် Antioxidant များ ကြွယ်ဝသည့်မှိုများသည် ကိုယ်ခံအားမြှင့်တင်ပေးနိုင်ပါတယ်။ ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်နိုင်သည့် ဆဲလ်များထုတ်လုပ်ပေးနိုင်မှုကိုလည်း မြင့်တက်စေပါတယ်။

အခွံပါအချဉ်ဓာတ်ရှိအသီးများ

အချဉ်ဓာတ်ရှိအသီးများတွင် ဗီတာမင်စီအလွန်ပါဝင်သောကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးခြင်းသည် ကိုယ်ခံအားကို အထူးကောင်းမွန်စေနိုင်ပါတယ်။ ထိုမျှသာမက ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို တိုက်ထုတ်ပေးပြီး ကိုယ်အလေးချိန်ကျဆင်းရန်လည်း ကူညီပေးပါတယ်။

ဂျင်း

အအေးမိခြင်းသာမက အခြားရောဂါများအတွက်လည်း အင်မတန်ကောင်းမွန်ပါတယ်။ ပျားရည်၊ သံပရာရည်တို့ ရောစပ်ထားသည့် ဂျင်းရေနွေးကြမ်းပူပူတစ်ခွက် သောက်သုံးပေးခြင်းသည် ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်တို့ကို ပျောက်ကင်းစေပြီး မအီမသာဖြစ်ခြင်းနှင့် ပျို့အန်လိုခြင်းတို့ကို သက်သာစေနိုင်ပါတယ်။