သဘာဝအတိုင်းဝိတ်ကျချင်ရင်တော့ အသီးအနှံတွေကို များများစားပေးပါ။ အသီးတော်တော်များများကတော့ များများစားလေ ကိုယ်ရည်စစ်လေပါပဲ။ ဒါပေမယ့် အခုပြောပြပေးမယ့် အသီးငါးမျိုးကတော့ ဝိတ်ကျဖို့အတွက် အထောက်အကူအပြုဆုံး အသီးတွေလို့ ပြောလို့ရပါတယ်။

နာနတ်သီး

နာနတ်သီးမှာက ဗီတာမင်စီဓာတ်င်္တေများစွာပါဝင်ပါတယ်။ ဒါ့အပြင် အရည်ရွှမ်းတဲ့အသီးဖြစ်တဲ့အတွက် ဝိတ်ကျစေဖို့ကို များစွာအထောက်အကူဖြစ်စေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာက အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ Folic Acid တွေပါဝင်နေပါတယ်။ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့အပြင် ဝိတ်ကျစေဖို့လည်း အထောက်အကူပြုပါတယ်။

ဖရဲသီး

အရည်ရွှမ်းတဲ့အသီးတော်တော်များများက ဝိတ်ကျစေဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ ဖရဲသီးကိုစားတာပဲဖြစ်ဖြစ်၊ ဖျော်ရည်လုပ်သောက်တာပဲဖြစ်ဖြစ် ဝိတ်ကျစေပါတယ်။

ပန်းသီး

ပန်းသီးစားရင် ဝိတ်ကျစေတယ်ဆိုတာကို တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ညနေစာကို ဘာမှမစားပဲ ပန်းသီးတစ်လုံးစားလိုက်ရင် ဗိုက်လည်းပြည့်စေပြီး ဝိတ်လည်းကျစေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာဟာ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင် ဝိတ်လည်းကျစေပါတယ်။ ထောပတ်သီးကို အတုံးလေးတွေတုံးပြီး ဆားနဲ့တို့စားပေးရင် သိသိသာသာဝိတ်ကျစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

Photo Source: www.womensok.com