၂၀ ဝန်းကျင်အရွယ်တွေရဲ့ ဘဝဟာ လမ်းဆုံမှာရပ်နေရသလိုပဲ ဦးတည်ရာမျိုးစုံကို ရောက်သွားနိုင်ပါတယ်။ အလုပ်၊ မိသားစု၊ ပေါင်းသင်းဆက်ဆံရေး၊ ပညာရေးစသဖြင့် အရာရာတိုင်းအပေါ် တချိန်တည်းမှာအာရုံစိုက်ရဖို့တောင်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးစိတ်ရှုပ်ထွေးစရာတွေ၊ စိတ်ပင်ပန်းစရာတွေကြောင့် ကိုယ်ခန္ဓာကျန်းမာရေးမထိခိုက်လာစေဖို့ အစားအသောက်နဲ့လေ့ကျင့်ခန်းကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သည့်အတွက် ငယ်ရွယ်သေးတဲ့အချိန်မှာ မဖြစ်မနေ သုံးစွဲပေးရမယ့် အာဟာရဓာတ်များကို ဖော်ပြပေးလိုက်ရပါတယ်။

သံဓာတ်

အကယ်၍ သင်ဟာ သံဓာတ်ကိုပိုမိုရရှိလိုတဲ့အခါ ကြက်၊ ဘဲ၊ အသား၊ ပဲများ၊ အစိမ်းရောင်အရွက်များက အကောင်းဆုံးရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့အမျိုးအမယ်တွေကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ရာသီပေါ်တဲ့အချိန်မှာ ကုန်ဆုံးသွားခဲ့တဲ့ သံဓာတ်တွေကို ပြန်လည်အစားထိုးနိုင်မှာပါ။

ကယ်လ်စီယမ်

အမျိုးသမီးတွေမှာ ဖြစ်ပေါ်တတ်တဲ့ ကယ်လ်စီယမ်ကုန်ခမ်းမှုနဲ့ အရိုးပွရောဂါတွေကို ငယ်ရွယ်တဲ့အချိန်မှာ အစားအသောက်နဲ့ပတ်သက်ပြီး ဂရုတစိုက်စားသုံးပေးမယ်ဆိုရင် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ နွားနို့တစ်ခွက်သောက်ရုံနဲ့မလုံလောက်လို့ ကြာစေ့၊ ဒိန်ချဉ်တို့ကိုပါ တွဲဖက်စားသုံးပေးပါ။

Folat

တနေ့လျှင် အနည်းဆုံး ၂၀၀ မှ ၃၀၀ ဂရမ်အထိ လိုအပ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကနေလည်း Folat ကို ရရှိနိုင်လို့ ပဲများ၊ အသားနှင့် ဒေါက်ခွရွက်တို့ကို စားသုံးပေးနိုင်ပါတယ်။

ဖိုက်ဘာ

အသက် ၂၀ ဝန်းကျင်အရွယ်တွေဟာ ကိုယ်ခန္ဓာဇီဝဖြစ်စဉ်နဲ့ပတ်သက်ပြီး ဂရုစိုက်စရာမလိုသေးပေမယ့်လည်း နောက်ပိုင်းအသက်ရလာတဲ့အခါမှာ စိတ်ပူစရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဂျုံ၊ ပြောင်းများစားသုံးတဲ့ အကျင့်ကိုပြုလုပ်ပေးပါ။

ဗီတာမင်စီ

သံဓာတ်ကိုအလွယ်တကူ စုပ်ယူနိုင်ဖို့အတွက် ဗီတာမင်စီများစွာလိုအပ်လို့ သံပုယိုသီး၊ လိမ္မော်သီးများ၊ ပျားလိမ္မော်တို့လို အချဉ်ဓာတ်ရှိသည့် အသီးအနှံများကို စားသုံးပေးပါ။