လူတစ်ဦးပိုင်ဆိုင်နိုင်တဲ့ ဆွဲဆောင်မှုအရှိဆုံး အင်္ဂါရပ်တွေထဲမှာ ပြီးပြည့်စုံတဲ့အပြုံးတစ်စုံလည်း ပါဝင်ပါတယ်။ သို့သော်လည်း ဆေးလိပ်သောက်ခြင်း၊ ကော်ဖီအများကြီးသောက်သုံးခြင်း၊ သွားကိုဂရုတစိုက်မရှိခြင်း စတဲ့အကြောင်းအရင်းတွေက သင့်ရဲ့သွားလေးတွေကို ဒုက္ခတွေပေးစွမ်းနိုင်ပါတယ်။

သွားဆရာဝန်တွေကိုလည်း ပြသရမှာရှက်တယ်၊ ဒီပြဿနာတွေကနေလည်း ကင်းဝေးချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေး တွေကို စမ်းသုံးကြည့်လိုက်ပါ။ ပြဿနာတွေအကုန် ကင်းဝေးသွားပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါ

လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် မုန့်ဖုတ်ဆိုဒါကို ဆားအနည်းငယ်နဲ့ရောစပ်ပြီး ရေစိုနေတဲ့ သွားတိုက်တံကိုနှစ်လိုက်ကာ ပုံမှန်အတိုင်း သွားတိုက်ပေးပါ။ အချိန်ကြာလာသည်နှင့်အမျှ ရလဒ်ကောင်းလေးတွေကို မြင်တွေ့လာရမှာပါ။

လိမ္မော်ခွံ

လိမ္မော်သီးကိုစားပြီးသည်နှင့် အခွံကိုသွားမှာပွတ်တိုက်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက သွားကြွေရည်များကို သန့်ရှင်းဖို့အတွက် လွယ်ကူသည့် နည်းလမ်းတစ်ခုဖြစ်ပြီး အစွန်းအထင်းများကာကွယ်ကာ သွားများကို ဖြူဝင်းလာစေမှာဖြစ်ပါတယ်။

မိနစ်အနည်းငယ်လောက် ပွတ်တိုက်ပြီးသည့်အခါ ရေအနည်းငယ်ဖြင့် ပလုပ်ကျင်းလိုက်နိုင်ပါတယ်။

နှမ်းစေ့များ

နှမ်းလက်တစ်ဆုပ်စာကို မိနစ်အနည်းငယ်လောက် ဝါးလိုက်ပြီး ထွေးထုတ်ပစ်ပါ။ သွားများကို လွယ်လွယ်ကူကူနဲ့ သန့်ရှင်းနိုင်ပြီး သွားချေးများကိုလည်း ဖယ်ရှားနိုင်မှာပါ။ ထွေးပြီးသည်နှင့် ကပ်ညိနေသည့် အစေ့များကို သွားပွတ်တံအခြောက်နှင့် ပွတ်တိုက်ပေးပါ။

ဗီတာမင်အပြည့် သွားပေါင်းတင်ဆေး

ဗီတာမင်စီပါဝင်တဲ့ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီးတို့ကို ရောကြိတ်ချေကာ ရရှိလာတဲ့ အနှစ်ကို သွားပေါ်တင်ပေးပါ။ ၅မိနစ် ၆မိနစ်အထိစောင့်ပေးပြီး ရေနှင့်သန့်စင်ပါ။

ဤနည်းလမ်းအတိုင်း လုပ်ပေးမယ်ဆိုရင် ပါးစပ်အတွင်းရှိ ဘတ်တီးရီးယားများကို သေစေနိုင်ပြီး ခံတွင်းနံ့ကို ရှင်းသန့်မွှေးပျံ့စေပါတယ်။

ရှာလကာရည်နည်းလမ်း

အရသာရှိတဲ့ နည်းလမ်းတစ်ခုတော့မဟုတ်ပေမယ့် ၁၀၀ ရာခိုင်နှုန်းသဘာဝစစ်စစ်ဖြစ်ပြီး သွားများကိုပျက်စီးခြင်းမရှိဘဲ သန့်စင်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရှာလကာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

ဆား – စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ – ၄ အောင်စ

ပါဝင်ပစ္စည်းအကုန်လုံးကို ပေါင်းစပ်ပြီး ပလုတ်ကျင်းပေးပါ။ ရက်သတ္တပတ်အနည်းငယ်လောက် အားစိုက်ထုတ်ပြီး လုပ်ပေးပါ။ ရလဒ်ကောင်းတွေကို တွေ့လာရပါလိမ့်မယ်။