နောက်လမှာ မင်္ဂလာဆောင်ရှိတာပဲဖြစ်ဖြစ်၊ ခါးတိုအင်္ကျီလေးတွေကို ဝတ်ဖို့စီစဉ်နေတာဖြစ်ဖြစ် တွေးတောနေတဲ့အချိန်မှာ ဗိုက်ပူနေလို့ စိုးရိမ်နေပြီလား။ ဝမ်းဗိုက်ချပ်ချပ်လေးရဖို့ဆိုတာ တကယ်တမ်းတော့ ပြောသလောက်မခက်ပါဘူး။ အချိန်လည်းသိပ်မယူ၊ ကိုယ်အလေးချိန်လည်းချတဲ့အခါမှာ အလွန်ထိရောက်မှုရှိမယ့် လွယ်ကူသက်သာလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုပါတယ်။

၁။ High knees

ခြေထောက်နှစ်ဖက်ချဲထားပြီး မတ်မတ်ရပ်ကာ ရှေ့ကိုတည့်တည့်ကြည့်ပါ။ လက်နှစ်ဖက်ကိုလည်း ဘေးမှာချထားပြီး ဒူးတစ်ဖက်စီကို မြင့်နိုင်သမျှမြင့်အောင် ခုန်လိုက်ပါ။

၂။ Crunches

ပက်လက်လှန်အနေအထားမှာ ဒူးနှစ်ဖက်ကိုကွေးထားပါ။ လက်နှစ်ဖက်ကိုဘေးမှာထားပြီး ပခုံးတွေကို ဒူးနှင့်ထိခါနီးအထိ ကုန်းလိုက်ပါ။

၃။ Low plank

ဒိုက်ထိုးအနေအထားနဲ့ လက်ကို ၉၀ ဒီဂရီကွေးထားကာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အလေးချိန်ကို လက်မောင်းတွေမှာထားထားပါ။ တံတောင်ဆစ်တွေဟာ ပခုံးနဲ့တိုက်ရိုက်အောက်မှာ ရှိနေရမှာဖြစ်ပြီး ခေါင်းကနေ ခြေထောက်အဆုံး ဖြောင့်ဖြောင့်ထားပါ။ ကြာနိုင်သမျှကြာအောင် ထိုအနေအထားမှာ နေပေးပါ။

၄။ Side plank crunches

ဘေးတစ်ခြမ်းစောင်းပြီး ကွေးထားတဲ့ခြေထောက်တစ်ဖက်ရဲ့ အောက်အသားနဲ့ ကြမ်းပြင်ထိထားကာ နောက်တစ်ဖက်ကို မြှောက်လိုက်ပါ။ ဒူးကွေးလိုက်ပြီး တံတောင်ဆစ်နဲ့ ဒူးထိပ်ထိခါနီးထိ ကွေးလိုက်ပါ။

၅။ Lunge and twist

ခြေထောက်နှစ်ဖက် ကပ်၍ရပ်ပါ။ ဘယ်ခြေထောက်ကို ရှေ့ထုတ်ကာ နောက်ခြေထောက်ကို ဆန့်ဆန့်ထားပါ။ လက်နှစ်ဖက်ကို ပူးလိုက်ပြီး ဘယ်ခြေဖက်သို့ ခါးကိုလှည့်လိုက်ပါ။ နောက်တဖက်ကိုလည်း ထိုနည်းတူပဲ ပြုလုပ်ပေးပါ။