ဝိတ်ကျချင်ပေမယ့် အစားမလျော့ချင်ဘူးဆိုရင်တော့ ယောဂမဖြစ်မနေကျင့်ပေးရပါမယ်။ အစားမလျော့ချင်ရင်တောင် ညနေပိုင်းကိုတော့ လျော့စားပြီး ယောဂကျင့်ရပါမယ်။ ဒါကြောင့် ဝိတ်ကျချင်တဲ့သူတွေလုပ်ကြည့်သင့်တဲ့ ယောဂကျင့်စဉ် (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး လက်ကို ၉၀ ဒီဂရီတန်းထားပေးရပါမယ်။ ခြေထောက်ကိုတော့ ဘယ်တစ်လှည့်၊ ညာတစ်လှည့် ပြောင်းပြီးလုပ်ပေးရပါမယ်။ ဒီယောဂကျင့်စဉ်လေးက လွယ်ကူတဲ့အပြင် သင့်ကိုဝိတ်ကျသွားစေဖို့လည်း အထောက်အကူပြုပါတယ်။

နောက်ထပ်ယောဂကျင့်စဉ်လေးကတော့ ဓာတ်ပုံရိုက်ရင်တောင် ဒီလိုလေးလုပ်ပြီးရိုက်ကြပါသေးတယ်။ ပုံမှာပြထားတဲ့အတိုင်းလေးနေပေးတဲ့အခါမှာတော့ ခြေဖဝါးနဲ့ ခြေဖနောင့်ကို ပေါင်နဲ့ကပ်နေအောင် ထိထားရပါမယ်။ ဒီယောဂကျင့်စဉ်မှာလည်း ခြေထောက်ကို ဘယ်တစ်လှည့်၊ ညာတစ်လှည့်လုပ်ပေးပါ။

ဒီယောဂကျင့်စဉ်ကတော့ လုပ်ရတာနည်းနည်းခက်မှာပါ။ ဒါပေမယ့်လည်း ပုံမှာပြထားတဲ့အနေအထားအတိုင်းလေးရအောင် လုပ်ပေးရမှာပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ ခက်ခဲတယ်ဆိုပေမယ့်လည်း သူကဝိတ်ကျစေဖို့အတွက် အရမ်းအထောက်အကူပြုပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး လက်ကိုသေချာဆန့်တန်းထားရပါမယ်။ ဒီယောဂကျင့်စဉ်ကိုလည်း စက္ကန့် ၃၀ လုပ်ပေးရပါမယ်။ သတိထားရမှာက လုပ်နေတဲ့အချိန်မှာ အသက်ကိုရှူသွင်းရှူထုတ်လုပ်ပေးဖို့ပါပဲ။

နောက်ဆုံးယောဂကျင့်စဉ်ကတော့ ပုံမှာပြထားတဲ့အနေအထားအတိုင်း ခေါင်းနဲ့ ခြေဖဝါးက ကြမ်းနဲ့ထိထားရပါမယ်။ လက်နှစ်ဖက်ကိုဆုပ်ပြီးတော့ ခါးအောက်ထည့်ထားပါ။ ဒါပေမယ့် ကြမ်းပြင်နဲ့ ထိနေဖို့တော့ လိုပါတယ်။ ခန္ဓာကိုယ်ကိုတော့ ပုံမှာပြထားတဲ့အတိုင်းရအောင် နေပေးပါ။

အခုပြောပြပေးလိုက်တဲ့ ယောဂကျင့်စဉ် (၅) မျိုးကို သေချာလုပ်ပေးမယ်ဆိုရင်တော့ ဝိတ်ကျသွားမှာပါ။

Photo Source: www.womensok.com