ကိုယ်အလေးချိန်လျော့ချဖို့ဆိုတာ အချိန်တွေ၊ အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ Gym တွေကို မသွားချင်ဘူး၊ အချိန်မပေးနိုင်ဘူးဆိုသူတွေ အနေနဲ့ အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာပေးခြင်းဖြင့် ဝိတ်ကျအောင် ဆောင်ရွက်နိုင်မှာပါ။

၁။ ဆားလျှော့စားပါ

Source: Food & Wine Magazine

ဆားအများကြီး စားသုံးခြင်းက ရေဝိတ်တက်အောင် ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်အတွင်းမှာ တကယ်ရှိတဲ့ အဆီတွေထက် ပိုပြီးများနေတဲ့ ပုံစံကိုဖြစ်စေပါတယ်။ ဒါကြောင့် ဆားကိုလျော့ပြီးစားသုံးခြင်းဖြင့် ဝိတ်ကျမြန်စေမှာဖြစ်တာကြောင့် အစာစားတိုင်းမှာ ဆားကိုနည်းနည်းလောက်သာ ဖြူးပြီးစားသုံးပါ။

၂။ ရေများများသောက်ပါ

Source: showandtellonline.com.au

ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း ကိုယ်အလေးချိန်လျော့ချရာမှာလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်လျော့ချရာမှာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေ၊ တစ်သျှူးတွေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ရေကိုဒီအတိုင်းသောက်ရတာရိုးတယ်ဆိုသူများလည်း သံပုယိုရည်အနည်းငယ်ညှစ်ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၃။ ကယ်လိုရီတွေရှောင်ရှားပါ

Source: Jenny Craig community

နည်းနည်းစားသုံးခြင်းက ဝိတ်ချရာမှာ အဓိကအချက်ဖြစ်ပြီး ကိုယ်ကြိုက်တဲ့အစားအစာတွေကို ချက်ချင်းရပ်ပစ်လိုက်ဖို့က မဖြစ်နိုင်တာကြောင့် နည်းနည်းချင်းစီ လျော့ပြီးစားသုံးပါ။ ဆိုဒါအအေးများ၊ သကြားလုံးများနှင့် ကွတ်ကီးများတို့လို သကြားပမာဏအမြောက်အမြားပါဝင်တဲ့ အစားအစာတွေက သွေးချိုတက်စေနိုင်ပါတယ်။

၄။ ချွေးထွက်အောင်ပြုလုပ်ပါ

Source: sciencing.com

အချိန်အနည်းငယ်အတွင်းမှာ ဝိတ်ကျဖို့အတွက် အကောင်းဆုံးနည်းလမ်းက ချွေးထွက်အောင်ပြုလုပ်ခြင်းပါပဲ။ ခန္ဓာကိုယ်အတွင်းက အဆီတွေကို ချွေးအနေနဲ့ဖယ်ထုတ်ပစ်လိုက်တာကြောင့် ဝိတ်ကျဖို့မြန်ဆန်တဲ့ နည်းလမ်းတစ်ခုပါ။ ချွေးထွက်အောင်ပြုလုပ်တဲ့အခါမှာလည်း ကိုယ်တွင်းကရေဓာတ်ကို မဆုံးရှုံးရလေအောင် ရေကိုလည်း မမေ့မလျော့ဘဲသောက်သုံးပေးပါ။

၅။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပါ

Source: McArthur Dentistry

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ကယ်လိုရီပါဝင်မှုအလွန်နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများ စားသုံးပေးနိုင်ပါတယ်။ ထိုမျှသာမက ဖိုက်ဘာပါဝင်မှုကြောင့် အချိန်ကြာကြာပြည့်အင့်နေစေမှာဖြစ်ပြီး အခြားဝိတ်တက်စေမယ့် အစားအစာတွေကို မစားသုံးမိတော့ပါဘူး။

Credit: WINGMAN